|
ဖေဖော်ဝါရီလအတွက် Cover ကိုဘယ်လိုပုံစံနဲ့တင်ကြမလဲလို့ ICON အဖွဲ့သားတွေ စဉ်းစားကြတယ်။ ဘာကြောင့်လဲဆိုတော့ ဖေဖော်ဝါရီလမှာ Valentine's Day ရှိတယ်မဟုတ်လား။ ဒါ့ကြောင့် Cover ကို စုံတွဲရိုက်ဖို့ စဉ်းစားမိကြတယ်။ ဒါပေမယ့် Cover မော်ဒယ် စုံတွဲအတွက် ဘယ်သူ့ကိုတင်ရမလဲလို့ စဉ်းစားကြတိုင်း အဖြေက အဆင်ပြေပြေနဲ့ထွက်မလာဘူး။ စိတ်ကြိုက်မတွေ့ဘူးဖြစ်နေတယ်။ အဲဒီလိုအခြေအနေမျိုးမှာ မန္တလေးကိုရောက်လာတဲ့ မမိုးကို သတိရမိ ကြတယ်။ ဒါနဲ့ စုံတွဲကိစ္စကို မစဉ်းစားတော့ဘဲ မမိုးတစ်ယောက်တည်း ကိုပဲ Cover တင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပြီးတော့ မမိုးမှာ နုပျိုတဲ့ ဖေဖော်ဝါရီရင်ခုန်သံနဲ့ စိတ်ကူးစိတ်သန်းတွေရှိနေဦးမှာပဲလို့ တွေးမိပြီး အင်တာဗျူးအတွက်လည်း ပြင်ဆင်ရတယ်။ မမိုးကလည်း လိုလို လားလားပဲ လက်ခံခဲ့တယ်။ တိုက်ဆိုင်သွားတာက Cover အတွက် ဓာတ်ပုံရိုက်ဖြစ်တဲ့နေ့ဟာ မမိုးရဲ့မွေးနေ့ဖြစ်နေတာပါပဲ။ ဒါကြောင့် မွေးနေ့ရှင်ရဲ့ ဖေဖော်ဝါရီရင်ခုန်သံလို့ပဲ ဆိုပါရစေ။
ICON ပရိသတ်ကြီးအတွက် မမိုးရဲ့ ရည်ရွယ်ချက်၊ နေထိုင်မှုပုံစံလမ်း ညွှန် ၊ ဖေဖော်ဝါရီရင်ခုန်သံနဲ့ မွေးနေ့အမှတ်တရ စကားတွေကို တင်ပြပေးလိုက်ပါတယ်။ ဒီအစီအစဉ်လေးမှာ အဝတ်အစားအတွက် အခုခေတ်စားနေတဲ့ အဝတ်စပတ်တဲ့ ဖက်ရှင် ဒီဇိုင်းကိုဘုတ်ဘုတ်(မုံရွာ)၊ မိတ်ကပ်ကို နိုဗိုထွန်း၊ လက်ဝတ်ရတနာကို စံပြလက်ဝတ်ရတနာမှ ကူညီပံ့ပိုးကြပါတယ်။
»»» မမိုးမန္တလေးကို အလာများတယ်နော်၊ မန္တလေးမှာမော်ဒယ်သင်တန်း ဖွင့် ရခြင်းရဲ့ရည်ရွယ်ချက်က။
၂ဝဝဝခုနှစ်နောက်ပိုင်း ပိုလာဖြစ်တယ်၊ မန္တလေးဟာတိုး တက်မှုမြန်ဆန်တယ်။ လူတွေရဲ့တိုးတက်မှုတွေအရ လိုအပ်တယ်လို့ ထင်တယ်။ ၉ဝခုနှစ်အစောပိုင်းလောက်က သင်တန်း (၂)နှစ်လောက် လာဖွင့်ဖူးတယ်။ အဲဒီတုန်းကမန္တလေးက ပုံစံတစ်မျိုး။ Performance တွေ Enterrtament တွေလုပ်လို့မရသေးဘူး။ ၂ဝဝဝ နောက်ပိုင်းမှာ Open ဖြစ်လာတယ်။ သွားလိုက်လာလိုက်နဲ့ ၂ဝဝ၆၊ ၂ဝဝ၇မှာ သေသေချာချာလုပ်ဖြစ်သွားတယ်။ မမိုး Ray World မှာ သင်တန်းနဲ့ ကျောင်းခန်းမ ဖွင့်ဖြစ်သွားတယ်။ ရည်ရွယ်ချက်က ရန်ကုန်မြို့တော် ကြီးနဲ့တခြားမြို့တွေဟာ အရမ်းကွာဟချက်ရှိတယ်။ ခုခေတ် ၂၁ ရာစုကျ သိပ်ကွာဟတာ မရှိတော့ဘူး။ IT ခေတ်လည်းဖြစ်လာတော့ Information တွေလည်းမြန် ဆန်လာတာပေါ့၊ သိသင့်သိထိုက်တာတွေ ပညာရေးနဲ့ပတ်သက်တာတွေက နေရာတိုင်းမှာ လိုအပ်ပါတယ်။အဲဒီအတွက် ကုမ္ပဏီသင်တန်းတွေလာဖွင့်ဖြစ်တယ်။အရင်ကတည်း က ရန်ကုန်ပြီးရင်မန္တလေး ဖြစ်ရမယ်လို့ စိတ်ကူးထားတယ်၊ ဒီအလုပ်က စိတ်ရှည်ရတယ်၊ သည်းခံရတယ် မန္တလေးကိုလည်း အာရုံရှိနေတဲ့ အတွက် ၂ဝဝဝ ခုနှစ်နောက်ပိုင်းမှာမန္တ လေးကို ပြန်လာဖြစ်သွားတယ်။
»»» မော်ဒယ်ခေတ်ဦးကတည်းက မန္တလေးမှာသင်တန်းတွေလာဖွင့် ဖူးတယ် ။အခုနောက်ပိုင်းထပ်ပြီးလာဖွင့်တယ်ဆိုတော့ အဲဒီအချိန်က လူငယ်တွေနဲ့ ခုခေတ်လူငယ်တွေ ဘာကွာလဲ။
လူငယ်ကတော့ လူငယ်ပါပဲ။ ခေတ်တိုင်းမှာတက်ကြွပြီး အတွေးသစ်၊ အမြင်သစ်တွေကိုလက်ခံဖို့အဆင်သင့်ရှိတယ်။ ဖန်တီးမှု တွေလည်းခေါင်းထဲမှာအဆင်သင့်ရှိတယ်။ နည်းပညာအသစ်တစ်ခုကို ချပြလိုက်ရင် လက်ခံကြတယ်။မမိုးတို့က သူတို့ဘဝလမ်းကြောင်း တွေကို ကောင်းမွန်ရာလေးဖြစ်သွားစေချင်တယ်။ ဥပမာ အသက် ၂ဝ မတိုင်ခင်မှာ ပညာရှာ၊ ၃ဝကျော်မှာ ပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နိုင်တဲ့ Life Plan မျိုး။ ကျွန်မတို့ ဖြတ်သန်းခဲ့ရတဲ့ ပုံစံမျိုး။အဲဒီလိုမျိုး ဖြစ်စေချင်တယ်။ လမ်းလွဲတာ၊ပျက်စီးတာ၊ အယူအဆ မှားတာတို့၊ မကောင်းတဲ့ဘက်မှာ အားသာသွားတာမျိုး၊ ဆိုးဝါးတဲ့ အတွေးအခေါ်တွေဝင်သွားမှာမျိုးကို စိုးရိမ်တယ်။ အဲဒါအရမ်း အရေးကြီးတယ်။ Mind Self ပေါ့။ အတွေးအမြင်နဲ့ပတ်သက်တာကို ကောင်းကောင်းမွန်မွန် ဖြစ်သွားစေချင်တယ်။ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်ပေါ်ပြီးတိုးတက်နေလဲ။ အကောင်းဘက်ကရော အပျက်ဘက်ကပါ့  Up to date information တွေကိုသိစေချင်တယ်။လူငယ်တွေရဲ့ အားသာချက်ဖြစ်တဲ့ အသစ်တွေကိုဖန်တီးချင်တာ၊ လေ့လာချင်တာ၊ ကူညီချင်တဲ့စိတ်စွမ်းအားတွေရှိတာ၊ Hero ဖြစ်ချင်တာ။အဲဒီ ဖြစ်ချင်တဲ့စိတ်တွေနဲ့အတူ ကောင်းတဲ့ဘက်ကို သွားစေချင်တယ်။ ဘယ်နေရာ၊ ဘယ်ဒေသကလူငယ်တွေဘဲဖြစ်ဖြစ် သူတို့ရဲ့ စိတ်ခံစားမှု တွေက အတူတူပါဘဲ။တစ်ခါတလေကျ သူတို့ ဖြစ်ချင်တာပဲရှိတယ်။ဘာဖြစ်ချင်တာ၊ ဘယ်ကိုသွားမယ်ဆိုတာ ဆုံးဖြတ်ချက်ချဖို့ တွေဝေ ခက်ခဲနေတတ်တယ်။တခါတလေကျ နားယောင်တတ်တယ်။ မမိုး တို့ တုန်းကလည်းဒီလိုပဲ။ လူကြီးမိဘတွေက ဆရာဝန်ဖြစ်စေချင်တယ်။အမှတ်လိုတော့ ဒါမဖြစ်ရင်ဒါဖြစ်ရမယ်ဆိုတဲ့ နောက်ထပ်ဖြစ်နိုင်ချေ ရှိတဲ့နည်းလမ်းတွေကို ချပြခဲ့တယ်။ အကုန်လုံးတော့မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဖြစ်ချင်တာတွေအများကြီးထဲက မမိုး တော်တော်များများ ဖြစ်ခွင့်ရခဲ့တယ်။ စိတ်ကျေနပ်ရုံတော့ဖြစ်ခဲ့တယ်ပေါ့နော်။သီချင်းမဆို ရပေမယ့် မိုက်ကိုင်ခွင့်ရသေးတယ်။ မြဝတီ၊ မြန်မာ့အသံမှာ သတင်း ဖတ်ခွင့်မရပေမဲ့ အခမ်းအနားမÈးတော့ လုပ်နေရသေးတယ်။လူငယ် တွေကို အဲဒီလိုဖြစ်စေချင်တယ်ဆိုတာက တစ်ခါတည်း ချက်ချင်း ဖြစ်ဖို့တော့ မဟုတ်ပါဘူး။ အခွင့်အရေးပေါ်လာတဲ့အခါမှာ ကိုယ့်မှာ စွမ်းအားတွျွေနေိပဖြစ်နေအောင်လို့၊ အဲဒီအချိန် ဒါလုပ်ထား၊ ဒီအချိန်မှာ ဒါလုပ်ထားဆိုပြီး ခိုင်းနေရတာပေါ့။ ကျွန်မသင်တန်းကို အများအားဖြင့် မော်ဒယ်သင်တန်းလို့ပဲထင်ကြတယ်၊ မော်ဒယ်ဆိုတာ စံပြဖြစ်နေမှ၊ မမိုးသင်တန်းမှာ အတွေးအခေါ်ပိုင်းဆိုင်ရာတွေကအစ အများကြီးသင်ပေးတယ်။ Share လုပ်တာပေါ့၊ကိုယ်တိုင်လည်း မွေးကတည်းကမတတ်ပါဘူး။ ပတ်ဝန်းကျင်နဲ Share လုပ်ရင်း နားလည် လာတာပေါ့။
»»» အခုအချိန်မှာဖြစ်နေတဲ့မန္တလေးရဲ့ ဝတ်စားဆင်ယင်မှုနဲ့ Fashion ကို မမိုးအနေနဲ့ ဘယ်လိုမြင်လဲဆိုတာပြောပြပါဦး။ အခု ၂ဝဝဝ ခုနှစ်နောက်ပိုင်းမှာ ခေတ်စားမှုတွေမြန်ဆန် လာတယ်။ ကိုးရီးယားစတိုင်၊ EMO ဆိုလည်း EMO ပေါ့၊ Rock ဆိုလည်း Rock ပေါ့နော်။ရန်ကုန်မှာ မြင်နေရတဲ့အတိုင်း မန္တလေးမှာလည်း မြင်နေ ရပါပြီ။ အရင်ကတော့ အရမ်းကွာတယ်ပြောကြတယ်။ အခုတော့ မန္တလေးရဲ့ လမ်းပန်းဆက်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေးတွေ ကောင်းမွန်လာတဲ့အတွက် ပညာလည်းတတ်၊ ကုန်သွယ်မှုတွေ၊ Fashion အမြင်တွေလည်းပြောင်းလဲကုန်ကြတယ်။
မမိုးလုပ်ငန်းနဲ့ပတ်သက်ပြီး ရတဲ့အကျိုးအမြတ်ကရော
မမိုးစီးပွားရေးကိုအခြေချလုပ်ခဲ့တာ ဆယ်စုနှစ် တစ်ခု ကျော်လာပြီ။ ၁၅နှစ်ကျော်ပြီ ဒီလုပ်ငန်းကိုစတင်တည်ထောင်ကတည်း က စီးပွားရေးကို အဓိကမဟုတ်ခဲ့ဘူး၊ ကုမ္ပဏီတည်ထောင်တယ် ဆိုတော့ Businessျတော့ Business ပေါ့။ ဝန်ဆောင်မှုဆိုတော့ ပရဟိတ တော့ပိုများတာပေါ့။ ရသမျှ လေ့လာဆည်းပူးရတယ်။အချိန်၊ ငွေ ပေးရတယ်။ ရသမျှအချိန်ကို လေ့လာဆည်းပူးရတာက ကိုယ့်ရဲ့ အရင်းအနှီး၊ ကိုယ်ရလာခဲ့တာတွေကို ကလေးတွေကို ပြန်မျှဝေပေးရ တာပေါ့။ ဒီမြန်မာပြည်မှာ အခကြေးငွေနည်းနည်းနဲ့ အများကြီး အများကြီး သူတို့အတွက် အဆတစ်ရာမက ပြန်ရလာနိုင်တာပေါ့။တစ်ဦးတစ်ယောက်တည်းအတွက်ရည်ရွယ်ပြီး အခြေချလုပ်ခဲ့တဲ့ လုပ်ငန်းမျိုးမဟုတ်ဘူး။ ရတဲ့အကျိုးအမြတ်ကတော့ ငွေကြေးအကျိုး အမြတ်ထက် အောင်မြင်လာကြတဲ့ ပီတိအကျိုးအမြတ်ကတော့ ပိုများ ပါတယ်။
»»» အခမ်းအနား မှူး တစ်ဦးဖြစ်ဖို့၊ စကားပြောကောင်းသူတစ်ဦးဖြစ်ဖို့ ဘာတွေလိုအပ်လဲ။
အခမ်းအနား မှူး ၊ စကားပြောကောင်းသူတစ်ဦးဖြစ်ဖို့ အဓိကကတော့ လေ့လာပြီးသိလာရတဲ့အရာကို တတ်ကျွမ်းအောင် လုပ်ရမယ်။ လေ့ကျင့်ပြီးပြန်အသုံးချ။ ဒါဆိုရင် အောင်မြင်တဲ့ အခမ်းအနား မှူး ဖြစ်လာနိုင်ပါတယ်။လေ့လာရမယ့်အရာကတော့ ပြောရေးဆိုရာမှာ အသုံးဝင်မယ့်ဝေါဟာရ၊ ဝါကျတည်ဆောက်ပုံ၊ အထွေထွေဗဟုသုတ၊ အချိန်ကာလရာသီဥတုနဲ့ ပြောင်းလဲနေတဲ့ လူတွေရဲ့ လိုအပ်ချက်၊ သူတို့ရဲ့စိတ်ခံစားမှု၊ သူတို့ရဲ့ပျော်ရွင် စိတ်ချမ်းမြေ့မှု၊ စကားလက်ဆောင် ဒါမှမဟုတ် ပို့ဆောင်ပေးလိုက်တဲ့ စိတ်အဟာရ၊ ဖြေရှင်းပေးလိုက်တဲ့ပြသနာ၊ Idea တခုခုပေးလိုက်တယ် ဆိုရင်ဝမ်းသာကျေနပ်ကြတယ်။သူတို့စိတ်ထဲမှာစိတ်ချင်း ဆက်သွယ် ခံစားလာရပြီး အခမ်းအနားမÈးတစ်ယောက်ကိုအသိအမှတ်ပြုလာကြ တယ်။သရုပ်ပြသတဲ့ ကုန်ပစ္စည်း Performance လုပ်ဖို့အတွက်လည်း အများကြီးပြင်ဆင်ထားရတယ်။ ဗဟုသုတတွေလည်း အများကြီး ဖြည့်စွမ်းထားရတယ်။
»»» အောင်မြင်တဲ့မော်ဒယ်တစ်ဦးဖြစ်ဖို့ ပင်ကိုယ်ဗီဇစိတ်အခြေခံဘယ်လိုရှိ
ရမလဲ။
အောင်မြင်တဲ့မော်ဒယ်တစ်ဦးဖြစ်ဖို့ဆိုရင် ကိုယ်အောင်မြင် ဖို့ထက် ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လိုအကျိုးရှိအောင် လုပ်ရ မလဲ။ ဘယ်လိုကြိုးစားပြီး ဖြည့်ဆည်းရမလဲက အဓိကဖြစ်တယ်။ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုဟာ ပတ်ဝန်းကျင်ကို အဆိပ် အတောက်မဖြစ်စေရဘူး။လူငယ်တွေအတွက်ဆိုရင်လည်း မမိုးတို့ ငယ်ငယ်တုန်းက မိဘဆရာသမားတွေက အောင်မြင်ချင်ရင် အောင်မြင်နေတဲ့လူတွေကို အတုယူရမယ်ဆိုတာနည်းပေးကြတယ်။အောင်မြင်နေတဲ့ လူတွေထဲမှာ အနုပညာရှင်၊ အားကစားသမား၊ စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံရေးသမား၊ လူမှုရေးသမားအားလုံးကို လေ့လာပစ်လိုက်တယ်။တကယ်အောင်မြင်နေတဲ့သူတွေဟာ ကာယဗလငါးတန်နဲ့ပြည့်စုံတယ်။ အဲဒီလူတွေကြည့်လိုက်ရင်သူတို့ရဲ့ Life Style ကို ဟန်ချက်ညီအောင်ထိန်းနိုင်ကြတယ်။လူတစ်ယောက် ဟာ ငေါက်ခနဲတော့ အောင်မြင်သွားနိုင်တယ်။ဒါပေမယ့် အဲဒီ အောင်မြင်မှုဟာ ၂၄နာရီလား၊ လပိုင်းလား၊ တစ်နှစ်လား မပြောနိုင် ဘူးလေ။ အဲဒီအတွက် နည်းလမ်းမှန်ကန်တဲ့ ဗီဇစိတ်အခြေခံတွေ ရှိဖို့လိုပါတယ်။
»»» မော်ဒယ်တစ်ဦးဟာအနေအထိုင်၊ ဝတ်စားဆင်ယင်မှုကို ဘယ်လို ပြုပြင် ထိန်းသိမ်းသင့်သလဲ။
မော်ဒယ်ဆိုတာစံပြဖြစ်နေရမယ်။ အပြင်လောကမှာလည်း ဒီဖိနပ်နဲ့ ဒီထီးပဲ။ လိုက်ဖက်တဲ့ Fashion အမြင်ရှိဖို့တော့ လိုအပ်တယ်။ ကျောင်းသူတစ်ယောက်ဟာ ကျောင်းသွားရင် ကျောင်းသူ တစ်ယောက်လိုပဲ ဝတ်သင့်တယ်၊ ဘွဲ့လွန်တွေဆိုလည်း မမိုးတို့တုန်းက သတ်မှတ်ထားတဲ့အတိုင်း အထဲမကွဲရဘူး၊ ဇစ်ဆွဲတွေမဝတ်ရဘူးပေါ့။ အဓိကပြောချင်တာက မော်ဒယ်တစ်ယောက်ဟာ နေရာမရွေး ကိုယ့်စိတ်ထဲမှာ Crazy ဖြစ်မယ့်ဟာတစ်ခုကို စွဲစွဲမြဲမြဲဝတ်ဖို့ကျ မသင့်တော်ဘူးလေ။ ရုံးသွား၊ဘုရားသွား လိုက်ဖက်တဲ့ဝတ်စုံဖြစ်ရ မယ်။စင်မြင့်ထက်မှာတော့ ဒီဇိုင်းနာတစ်ယောက်က ဆင်မြန်းပေးတဲ့ အရာကို အကောင်းဆုံးနဲ့အပေါ်လွင်ဆုံးဖြစ်အောင် ပြသနိုင်တဲ့ အရည်အသွေးရှိရမယ်။နိုင်ငံတကာမှာတော့ မော်ဒယ်တွေဟာ Show ပွဲ တွေမှာဝတ်သလိုမျိုးတွေ မဝတ်ကြပါဘူး။ ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့ အိတ်အကြီးကြီးတစ်လုံးနဲ့ အဆင်ပြေသလိုသွားလာကြတယ်။ ဒီမှာ တော့ အပြင်မော်ဒယ်လား၊ အရပ်သူလား နည်းနည်းခွဲရခက်လာတယ်။ ရိုးရိုးအရပ်သူတစ်ယောက်က အပြင်မှာ မော်ဒယ်လိုဝတ်စားဆင်ယင် ထားလို့ ဒီမော်ဒယ်ဝတ်တာ လွန်လိုက်တာလို့ အထင်လွဲခံရတာတွေ ရှိသလို တစ်ချို့မော်ဒယ်တွေကျတော့လည်း စင်ပေါ်မှာမဆိုးပေမယ့် အပြင်မှာမော်ဒယ်လိုပဲဝတ်တော့ ပြောခံရတာမျိုးတွေရှိတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အခွင့်အရေးနဲ့ကိုယ် ရပ်တည် နေတာပဲ။ မော်ဒယ်တစ်ယောက်အနေနဲ့ကတော့ စံပြဖြစ်နေဖို့ လိုအပ် သလို အရာရာနားလည်လက်ခံပြီး သင်ယူဖို့ လိုအပ်ပါတယ်။ သူများ ပြောတာထက် ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ ဆင်ခြင်ပြုပြင်တာကတော့ အကောင်းဆုံးပေါ့။
»»» မန္တလေးကိုရောက်ရင် မမိုး ဘယ်တွေသွားဖြစ်လဲ။
မန္တလေးရောက်ရင် မဟာမုနိဘုရားကြီး သွားတယ်၊ မန္တလေးတောင်၊ ဦးပိန်တံတား၊အဘွားအတွက် ဘီးဝယ်တယ်။တောင်ပေါ်ကနေ ရှုခင်းတွေကြည့်တယ်။သီတင်းကျွတ်လပြည့်ကျော် တုန်းက သွားတယ်။ အရမ်းသဘောကျတယ် မန္တလေးကမိတ်ဆွေတွေ လိုက်ပို့ကြတယ်။ ကိုယ့်ကိုကြိုဆိုတဲ့၊ စပြီးအလုပ်လုပ်တဲ့ မိတ်ဆွေတွေ အားလုံးကို လူကိုယ်တိုင်မဟုတ်တောင် ဖုန်းနဲ့နှုတ်ဆက်တယ်။
»»» မမိုးရဲ့ အနာဂတ်ရည်မှန်းချက်မှာ မန္တလေးနဲ့ပတ်သက်ပြီးဘာတွေ လုပ်ဖြစ်ဦးမလဲ။
ရန်ကုန်၊ မန္တလေးတင်မဟုတ်ပါဘူး မမိုးကိုလိုလားတဲ့ ဘယ်နေရာ၊ ဘယ်ဒေသဖြစ်ဖြစ် သွားဖို့အဆင်သင့်ပါပဲ။ဆွေးနွေးမယ်၊ မျှဝေမယ်။ လူငယ်တစ်ယောက်တော့မဟုတ်ပေမယ့် ဖြတ်သန်းလာ ရတဲ့ဘသအတွေ့အကြုံတွေကို ပြောပြမယ်။သက်လတ်ပိုင်းခံစားမှု တွေကိုမျှဝေလို့ရတယ်။ မကျန်းမာတဲ့အချိန်တွေကို ဘယ်လိုကျော် မလဲ၊ လှပအောင် ဘယ်လိုနေမလဲ၊ ဘယ်လို Plan တွေထားမလဲ ဒါမျိုးတွေသိချင်တဲ့လူ၊ ဆွေးနွေးချင်တဲ့လူတွေဆီ မမိုးသွားမှာပေါ့။ကိုယ်နိုင်ငံထဲမှာ ဘယ်လိုနေရာဖြစ်ဖြစ်ပါ။ မိတ်ဆွေသစ်တွေရမယ်၊ သူတို့အကြာင်းတွေလည်း သိလာရမယ်။ အပြန်အလှန်အားပေး မှာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်နိုင်ငံမှာပဲ တစ်သက်လုံး နေချင်တယ်။ ပျော်တယ်။ ယဉ်ကျေးမှုဓလေ့တွေနဲ့ ရေမြေတောတောင် သဘာဝတွေကို သဘောကျတယ်။ အထင်ကရဖြစ်တဲ့နေရာတွေ၊ ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တယ်၊ လေးစားတယ်။
»»» မန္တလေးရောက်ရင် ဘာအစားအစာတွေ စားဖြစ်လဲ။
ရှမ်းခေါက်ဆွဲလောက်ကိုပဲ မမိုးစားနိုင်တယ်။ နန်းကြီးတို့ တော့ ဆီများလို့မစားနိုင်ဘူး။ အဓိက မြန်မာအစားအစာကြိုက်တယ်။ဘယ်သွားသွား ကိုယ့်အိမ်ရဲ့ Home Make လေးတွေတော့ယူလာတယ်။ လက်ဖက်၊ ငပိနဲ့ပတ်သက်တာ ၊ ချဉ်ဖတ်နဲ့ပတ်သက်တာ၊ နိုင်ငံခြား အစားအစာကတော့လုံးဝမစားနိုင်ဘူး။ကျန်တာတွေကတော့ ရှမ်းစာ နည်း နည်းစားတယ်။
»»» မန္တလေးမီဒီယာနဲ့ပတ်သက်ပြီး မမိုးအမြင်ကိုပြောပြပါဦး။
မန္တလေးသူ၊မန္တလေးသားတွေက အပြောကောင်းလေ။ အဲဒီထဲကမှ အရေးကောင်းဆိုတော့ ပိုပြီးချစ်စရာကောင်းတာပေါ့။မမိုးကိုယ်တိုင်ကလည်း Media ထဲကလူတစ်ယောက် ဖြစ်နေတယ်။ အလုပ်စလုပ်ကတည်းကလည်း ရန်ကုန် Media တွေနဲ့အတူ အဆက် မပြတ်ဘဲ အတူတူကြီး ပြင်ခဲ့တာလိုဖြစ်နေတယ် Local Service, Local IT တွေက အတူတူကြီးပြင်းခဲ့ကြတာ။ အသက်(၂ဝ)ကနေ အခုချိန်ထိ Media နဲ့ကင်းကွာတာ လုံးဝမရှိခဲ့ဘူး။ Media စာမျက်နှာ ပေါ်မှာ ရုပ်နဲ့တစ်ဖုံ၊ စကားနဲ့တစ်ဖုံအမြဲရှိနေခဲ့တာ။ Media တွေကို မမိုးလေးစားပါတယ်။မန္တလေး Media နဲ့ပတ်သက်ပြီးအရမ်းလည်း အားရပါတယ်။ Organize လည်းဖြစ်တယ်။အခု kICONုမျိုး Quality ကောင်းတဲ့စာအုပ်၊ Idea ကောင်းတဲ့အတွေးအမြင် ကောင်းတွေပါလာ တယ်ဆိုတော့ ရန်ကုန်သူဖြစ်ပေမယ့် မန္တလေးအတွက် ဂုဏ်ယူပါ တယ်။
»»» ဖေဖော်ဝါရီလဟာ လူငယ်တွေအတွက်ရင်ခုန်ကြတဲ့လနော်။ မမိုးရဲ့ ရင်ခုန်သံကရော။
မမိုးကအရမ်းရင်ခုန်တတ်တယ်။ သူများတွေ မင်္ဂလာ ဆောင်မှာ မမိုးကအခမ်းအနားမှူးလုပ်ပေးတော့ တစ်ချို့က ရယ်ကြ တယ်။ တစ်ချို့က ဟားကြတာပေါ့။သဘောကျပါတယ်။ ဘယ်လိုပဲ နောက် နောက် သူတို့ရဲ့ပျော်ရွင်နေတဲ့အပျော်တွေ ကူးစက်လာတယ်။ကိုယ့်မှာရှိတဲ့ Idea တွေကိုချပြရင်းစုံတွဲတွေကို ဒီနားမှာဘယ်လို လုပ်လိုက်ပါ့လား။ ဒီလိုဆိုရင်ရောကောင်းမလားဆိုပြီး Share လုပ်ပေးတယ်။ သူတို့အတွက် မင်္ဂလာအမှတ်တရဖြစ်သွားတာတွေက ကိုယ့်ရင်ထဲမှာ တသသပေါ့။ ကျေနပ်မိတယ်။ ဝါမကျွတ်ခင်တုန်းက မမိုး မင်္ဂလာကိစ္စအတွက် စာအုပ်တစ်အုပ်ထုတ်တယ်။ မင်္ဂလာကိစ္စ ဆိုတာကဘယ်သူနဲ့မှမလွတ်ကင်းဘူး။ကိုယ်မဆောင်ဖြစ်ရင်တောင် ကိုယ်အထက်အောက်၊ ကိုယ့်ပတ်ဝန်းကျင်ကရှိမှာပဲ။ ဒါကြောင့် ဒီစာအုပ်လေးရှိနေရင် အဆင်ပြေအောင်လုပ်ပေးတာပါ။ သူငယ်ချင်း တွေက အရမ်းကိုနောက်ကြတာပဲ။ အဓိကကတော့ အပျိုကြီးဖြစ်လို့ ဒါမျိုးတွေ မတွေးတတ်ဘူး၊ မလုပ်တတ်ဘူးဆိုရင်မှားသွားမှာပေါ့နော်။
»»» အပျိုကြီးတစ်ယောက်ရဲ့ဂုဏ်ကို ပြောပြပါဦး။
အားသာချက်ကတော့ ကိုယ်လုပ်ချင်တဲ့အလုပ် တော်တော် များများကို နောက်လှည့်မကြည့်ဘဲ လုပ်နိုင်တယ်။ နောက်ဆံတင်း စရာ မလိုဘူး။ မိသားစု မောင်နှမတွေကို ပိုအချိန်ပေးနိုင်တာ၊ လူမှုရေး အလုပ်တွေ ပိုလုပ်နိုင်လာတာ၊ ကိုယ့်ကုမ္ပဏီစီးပွားရေးအလုပ်ကို ဖိဖိစီးစီးလုပ်နိုင်တာဟာ တစ်ချို့က အပျိုကြီးတွေ တို့နဲ့အတူတူ အလုပ်လုပ်နိုင်တာဆိုပြီး လေးစားတယ်ပေါ့။ ဒါပေမယ့် အခု ၂၁ရာစု အိမ်ထောင်ရှင်တွေဟာ စွမ်းစွမ်းတမံလုပ်လာနိုင်လာကြပြီ။သားသမီး တစ်ယောက်မွေးပြီးတိုင်း အိမ်ထောင်ရှင်အမျိုးသမီးတွေ အစွမ်းတွေ ထွက်လာတယ်။ စီးပွားရေး၊ ကလေးထိန်း၊ အိမ်ထောင်ဘက်အလုပ် အပြင် အခြားသင်တန်းလည်း တက်လိုက်သေးတယ် ပရဟိတလုပ်ငန်း တွေလည်း လုပ်သေးတယ်။ဒီတော့ အနှစ်ချုပ်ပြောရရငှ်ငညါူနပဲ ဖြစ်ဖြစ်၊ အိမ်ထောင်ရှင်ပဲဖြစ်ဖြစ် စွမ်းဆောင်ရည်မြင့်မားတယ်ဆိုတာ ဂုဏ်ယူစရာပါ။မမိုး အပျိုကြီးဖြစ်တာကို ဂုဏ်ယူသလို အိမ်ထောင် သည်ဖြစ်လာရင်လည်း ဂုဏ်ယူမိဦးမှာပါ။ အပျိုကြီးတွေကို လေးစား သလို အိမ်ထောင်ရှင်တွေကိုလည်း ဂုဏ်ယူမိတယ်။
»»» ဖေဖော်ဝါရီလမှာရင်ခုန်နေကြတဲ့လူငယ်တွေအတွက် စကားလက် ဆောင်ပေးပါဦး။
တစ်ဦိးနဲ့တစ်ဦး ချစ်ခင်ကြတယ်ဆိုတာကောင်းတဲ့ ဝမ်းသာစရာကိစ္စပါ။ Valentine day ဆိုတာကျွန်မတို့ရဲ့ယဉ်ကျေးမှုတော့ မဟုတ်ပါဘူး။ သမိုင်းကိုပြန်ကြည့်ရင်လည်း ဝမ်းသာစရာကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ အမှတ်တရနေ့လေးတစ်နေ့အဖြစ် သီးခြား ပေါ်ပေါက်လာတယ်။ ပျော်ရွင်စရာနေ့လေးတစ်နေ့ဖြစ်လာတယ် ဆိုတော့ ဝမ်းသာစရာပါ။ မမိုးလည်း အားလုံးနဲ့ရောပြီး ရင်ခုန်ရဦးမှာပါ။ အားလုံးဟာမျှော်လင့်ချက်တွေနဲ့ ရှင်သန်နေကြတာ။ဆန္ဒမွန်နဲ့ ဆုတောင်းတဲ့ ကတ်ကလေးတစ်ခုများ ရောက်လာမလား၊ နှင်းဆီပန်း ကလေးများ ပို့လာမလားဆိုတာ၊ မျော်လင့်ချက်လေးနဲ့ ရင်ခုန်စရာ ကောင်းတယ်။ ရောက်မလာတော့လည်း ပြသနာမရှိဘူးပေါ့။ရင်ခုန် နေကြတဲ့သူတွေအားလုံး ရင်ခုန်မှုကို ထိန်းချုပ်မထားပါနဲ့။ လွတ်လွတ် လပ်လပ်နဲ့ ရင်ခုန်ကြပါ၊ ကိုယ်ရင်ခုန်ရတဲ့အတိုင်း ဆန္ဒတွေ မျှော်လင့်ချက်တွေ ပြည့်ဝပါစေ။ ကိုယ်ဘဝအတွက် အထိုက်တန်ဆုံး ကျေနပ်စရာအကောင်းဆုံး၊ အဖော်မွန်ကောင်းများ ရရှိနိုင်ပါစေလို့ ဆုတောင်း ပါတယ်။
»»» ဒီနေ့ဒီဇင်ဘာ(၅)ရက်ဟာ မမိုးမွေးနေ့ဆိုတော့ မွေးနေ့အမှတ်တရ စကား ပြောပေးပါဦး။
မွေးနေ့မှာ မှတ်မှတ်ရရ ICON ဂ္ဂဇင်းအတွက်ဓာတ်ပုံရိုက် ဖြစ်တာကိုဝမ်းသာပါတယ်။ မမိုးအနေနဲ့ ICON မဂ္ဂဇင်းရဲ့ မွေးနေ့ လက်ဆောင်လို့ သတ်မှတ်ပါရစေ။ မွေးနေ့ဆိုတာက လူလောကထဲကို ကောင်းခြင်းဆိုးခြင်းတွေအားလုံး သယ်ဆောင်လာပြီး ရောက်ရှိလာတဲ့ နေ့တစ်တနေ့ပေါ့။ လူလောကမှာ ဘယ်လိုရပ်တည်သွားမလဲ ဆိုတာကို ရှင်သန်ရင်းနဲ့ ရှာဖွေသွားရမှာပေါ့။ ကျွန်မတို့ အခု (၃၈)နှစ် အထိရှင်သန်ခွင့်ရတာ၊ ကိုယ့်ရဲ့နောက်ကြောင်းကို ပြန်ကြည့်ရင်လည်း ဘာမှနောင်တရစရာမရှိဘူးဆိုတော့ ကိုယ့်မွေးနေ့အတွက် ကျေနပ်မိ တယ်။ရှေ့လျှောက်ပြီး အတ္တတွေ၊ မာနတွေချပြီး လူမှုရေးအလုပ်တွေကို ဖေးဖေးမမနဲ့ လုပ်ရင်း အသက်ကို ဘယ်လိုကြီးရင့်သွားမလဲဆိုတာ စဉ်းစားရမှာပေါ့။ အသက်အရွယ်ကြီးရင့်မှုအပေါ်တော့ ဘာခံစားချက်မှ မရှိဘူး။ ဇရာရဲ့သဘောတရားတွေကိုလည်း နားလည်တယ်။ကျွန်မထက် အသက်ကြီ်းသူရော၊ ငယ်သူရော ရက်ပေါင်း၃၉၅ ရက်မှာ ပျော်ရွင်တဲ့မွေးနေ့ပေါင်းများစွာကို ဖြတ်ကျော်နိုင်ပါစေလို့ ICON မဂ္ဂဇင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။
စနိုး
|