Download Font
download font
contemporary title

မုနု့်လင်မယား

ပါဝင်သော ပစ္စည်းများ
ဆန်မှုန့် - ၂ပြည်
ပဲမှုန့်စိမ်း - ၄ကျပ်သား
စားတော်ပဲပြုတ် - ၂၅ကျပ်သား
ဆား - အနည်းငယ်
ကြက်သွန်မိတ် - အနည်းငယ်
နှမ်းထောင်း - အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

မုန့်ထည့်သံဒယ်အိုးကြီးထဲတွင် ဆီအနည်းငယ်ထည့်ပါ။ ဆန်မှုန့်နှင့်ပဲမှုန့်စိမ်းကို ရေအနည်းငယ်ထည့်၍ မွှေပါ။ ဆားအနည်းငယ်နှင့် နံနံပင် ထည့်ပါ။ ၎င်းမုန့်ရည်များကို သံဒယ်အိုးအတွင်းရှိ ခွက်ကလေးများထဲသို့ထည့်ပါ။

ပဲနှင့်ကြက်သွန်မိတ်ထည့်ပါ။ ထည့်ထားသော မုန့်ရည်များကျက်သွားလျှင် အခြားကျက်သွားသော တစ်ခြမ်းကို အုပ်ပေးလိုက်ပါ။ ငုံးဥဖောက်ထည့်၍ ရသလို ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ မဆလာတို့ရောနယ်ထားသည်ကို ထည့်၍ ချဉ်ငံစပ်စားနိုင်ပါသည်။ နှမ်းထောင်းကြိုက်နှစ်သက်လျှင် ဖြူး၍စားနိုင်ပါသည်။